Austin ၏ စီးပွားရေး ပြန်လည်ကောင်းမွန်လာရေး 

အားလုံးအတွက် ဘေးကင်းပြီး တန်းတူညီကာ ကြီးပွားချမ်းသာသောပုံစံဖြင့် ကျွန်ုပ်တို့၏ ဒေသန္တရစီးပွားရေးကို နဂိုအတိုင်းပြန်ဖြစ်အောင်လုပ်ရန် Austin မြို့တော်က ကတိပြုပါသည်။ အတူတကွလုပ်ကိုင်ခြင်းဖြင့် ယခုလို စိန်ခေါ်မှုကို ကျော်ဖြတ်သွားပါမည်။ 

Austin တွင် COVID-19 ဆိုင်ရာ နောက်ထပ်အချက်အလက်အတွက် Austin မြို့တော်၏ COVID-19 ဝဘ်ဆိုက်ကို ဝင်ကြည့်ပါ။ 

 

Austin စီးပွားရေး ပြန်လည်ကောင်းမွန်လာရေး ပြင်ဆင်ချက်များကို လက်ခံရရှိရန် အကောင့်ဖွင့်ပါ။ 

 

ဘေးကင်းသော ပတ်ဝန်းကျင်ကို ထိန်းသိမ်းထားရှိခြင်း  

တွင် ရှိနေပါသည်။ ဒေသန္တရ အလုပ်ရှင်များသည် COVID-19 ကူးစက်ပျံ့နှံ့မှုကို ရပ်တန့်ရာတွင် အရေးပါသောကဏ္ဍမှ ပါဝင်နေပါသည်။ သို့ဖြစ်ပါ၍ Austin မြို့တော်သည် ဝန်ထမ်းများနှင့် ဖောက်သည်များ၏ နေကောင်းကျန်းမာရေးကို ဦးစားပေးသည့် ဒေသန္တရလုပ်ငန်းများနှင့် လမ်းညွှန်ချက်များအတွက် ဘေးကင်းရေး အကြံပြုချက်များကို ကြိုတင်ပြင်ဆင်ထားရခြင်း ဖြစ်သည်။  

ဒေသန္တရ လုပ်ငန်းများနှင့် လူမှုအသိုင်းအဝိုင်း အဖွဲ့အစည်းများက ရွေ့လျား ကာကွယ်ဆေး ထိုးနှံရန်နေရာကို ပူးတွဲ စီစဉ်ရန် စာရင်းသွင်းနိုင်ပါသည်။ သင်၏ လုပ်ငန်းတည်နေရာတွင် ခဏဝင်လာပေးသည့် COVID-19 ကာကွယ်ဆေးထိုးခန်းကို တောင်းဆိုရန် Austin အများပြည်သူ ကျန်းမာရေး ကာကွယ်ဆေးထိုးမှု ဖောင်ကို ဖြည့်စွက်ပါ။  

 

သင့်ဝန်ထမ်းများကို ကာကွယ်ခြင်း 

 

အဓိက အကြံပြုချက်များ 

  • ဝန်ထမ်းအားလုံးအား ကာကွယ်ဆေးအပြည့်အဝထိုးနှံရန် တိုက်တွန်းပြီး ကာကွယ်ဆေးထိုးသည့် ဝန်ထမ်းများအတွက် လုပ်ခပေးသော နားချိန်ကို ခွင့်ပြုပေးပါ။  
  • COVID-19 ရောဂါလက္ခဏာများရှိသည့် သို့မဟုတ် COVID-19 ရောဂါလက္ခဏာများရှိသည့် တစ်စုံတစ်ယောက်နှင့် ထိတွေ့ထားသည့် ဝန်ထမ်းများအား ၎င်းတို့၏ ကြီးကြပ်ရေးမှူးကို အကြောင်းကြားပြီး အိမ်တွင်နေရန် ညွှန်ကြားပါ။ 

 

ထပ်ဆောင်း အကြံပြုချက်များ 

  • အထူးသဖြင့် တံခါးလက်ကိုင်များ၊ စာရင်းသွင်းနေရာများ၊ ငွေရှင်းလမ်းကြောများ၊ အများသုံးသန့်စင်ခန်းများနှင့် ဝန်ထမ်း နားနေခန်းများကဲ့သို့ ထိကိုင်မှုများသော နေရာများ၌ တစ်နေ့တာလုံးတွင် မကြာခဏ ပိုးသတ်ပြီး သန့်ရှင်းပါ၊ 
  • ဝန်ထမ်းများအတွက် လက်သန့်ဆေးရည် ထုတ်ပေးပါ။ 
  • အများဆိုင်ဧရိယာများတွင် အလုပ်သမားများအတွက် အများနှင့်ခပ်ခွာခွာနေခြင်းကို ချမှတ်ပေးပါ။  
  • ဝင်ရောက်သုံးစွဲနိုင်သော ဖောမတ်များကို သုံး၍ နားလည်လွယ်သည့် ဘာသာစကားဖြင့် သင်၏ COVID-19 မူဝါဒများနှင့် လုပ်ထုံးများအတွက် အလုပ်သမားများကို အသိပညာပေးပြီး လေ့ကျင့်ပေးပါ။ 
  • အခန်းတွင်း လေတွင် ဗိုင်းရပ်စ်ပါသော အမှုန်များပါဝင်မှုကို လျှော့ချရန် လေဝင်လေထွက်စနစ်များကို တိုးမြှင့်ပါ။ 
  • စာချုပ်ဖြင့်လုပ်ကိုင်သူများ၊ ပို့ဆောင်ရေး ဝန်ဆောင်မှုများ သို့မဟုတ် အခြား လုပ်ငန်းဆိုင်ရာ ဧည့်သည်များတွင် မူဝါဒများကိုလိုက်နာရန် အချက်အလက်များနှင့် လုပ်နိုင်စွမ်းရှိကြောင်း သေချာစေရန် COVID-19 ကူးစက်မှုကို ထိန်းချုပ်ပေးရန် ပြုလုပ်ထားသည့် အပြောင်းအလဲများအကြောင်း ထိုပုဂ္ဂိုလ်များကို အသိပေးပြောကြားပါ။ 
  • တစ်ချိန်တည်းတွင် အလုပ်ခွင်ရှိ ဝန်ထမ်းများအရေအတွက်ကိုလျှော့ချရန် အလိုက်သင့် အလုပ်ခွင်များ (ဥပမာ၊ အဝေးမှ အလုပ်လုပ်ခြင်း) နှင့် အလိုက်သင့် အလုပ်ချိန်များ (ဥပမာ၊ လွှဲဆွဲထားသော အလုပ်ချိန်များ) ကို ခွင့်ပြုပါ။  
  • အီလက်ထရွန်နစ် ငွေပေးချေမှု တာမီနယ်လ်/ခရက်ဒစ်ကတ်ဖတ်စက်တို့ကို ငွေကိုင်များအဝေးသို့ ရွှေ့ထားပြီး ထိတွေ့စရာမလိုသော ငွေပေးချေမှုနည်းလမ်းများ သို့မဟုတ် အွန်လိုင်းဝယ်ယူမှုကို ခွင့်ပြုပါ။ 
  • ဖောက်သည်များနှင့် ထိတွေ့မှုကိုလျှော့ချရန် ဖြစ်နိုင်ပါက အဓိက ဆင့်စီရေး လုပ်ငန်းများကို လူနည်းချိန် သို့မဟုတ် အလုပ်ချိန်ပြင်ပများသို့ ပြောင်းလိုက်ပါ။ 
  • အလုပ်စမလုပ်မီ၊ လက်အိတ်များ ချွတ်ပြီးနောက်၊ ထိတွေ့မှုများသော အရာများကို မသုံးခင်နှင့် သုံးပြီးနောက်အပြင် နေ့လယ်စာ သို့မဟုတ် သန့်စင်ခန်းသုံး ခေတ္တနားချိန်အားလုံး မစတင်နှင့် ပြီးနောက်တွင် အနည်းဆုံး စက္ကန့်နှစ်ဆယ်ကြာ လက်ဆေးရန် အလုပ်သမားအားလုံးကို တိုက်တွန်းပါ။  
သင့်ဖောက်သည်များနှင့် ကျွန်ုပ်တို့၏ အသိုက်အဝန်းကို ကာကွယ်ခြင်း  

 

အဓိက အကြံပြုချက်များ 

  • ဖောက်သည်များအတွက် ထိကိုင်စရာမလိုသော လက်သန့်ဆေးရည်နေရာများနှင့် မထိကိုင်ရသော အမှိုက်ပုံးများ စီစဉ်ပေးပါ။  
  • သင့်လုပ်ငန်းများ၏ နှာခေါင်းစည်းဆိုင်ရာ မူဝါဒအတွက် ဆိုင်းဘုတ်ကို မြင်သာစွာ ချိတ်ဆွဲထားပါ 
  • အထူးသဖြင့် တံခါးလက်ကိုင်များ၊ စာရင်းသွင်းနေရာများ၊ ငွေရှင်းလမ်းကြောများနှင့် အများသုံးသန့်စင်ခန်းများ၊ အဝတ်လဲခန်းများကဲ့သို့ ထိကိုင်မှုများသော နေရာများ၌ တစ်နေ့တာလုံးတွင် မကြာခဏ ပိုးသတ်ပြီး သန့်ရှင်းပါ၊ 

 

ထပ်ဆောင်း အကြံပြုချက်များ 

  • သင်္ကေတများ၊ ကြမ်းပြင်စတစ်ကာများနှင့် ဘာသာစကားပေါင်းစုံ အော်ဒီယို မက်ဆေ့ချ်များကို အသုံးပြုခြင်းဖြင့် အများနှင့်ခပ်ခွာခွာနေခြင်းအကြောင်း ဧည့်သည်များကို သတိပေးပါ။  
  • အများဆိုင်နေရာများနှင့် ပစ္စည်းများကိုအသုံးပြုပြီးတိုင်း သန့်ရှင်းပြီး ပိုးသတ်ရန် အများပြည်သူ ဝင်ပေါက်များတွင် ဝန်ထမ်းတစ်ဦးကို နေရာချထားပါ။ 
  • အီလက်ထရွန်နစ် ငွေပေးချေမှု တာမီနယ်လ်/ခရက်ဒစ်ကတ်ဖတ်စက်တို့ကို ငွေကိုင်များအဝေးသို့ ရွှေ့ထားပါ။  
  • ဖြစ်နိုင်ပါက ကားမောင်းဝင်ရသော ဝန်ဆောင်မှုများ၊ ကလစ်နှိပ်ပြီး ယူရသော အွန်လိုင်းစျေးဝယ်ခြင်း၊ ဖုန်းဖြင့်စျေးဝယ်ခြင်း၊ လမ်းဘေးတွင် လာယူခြင်းနှင့် ပို့ဆောင်မှု ရွေးချယ်စရာများကို စီစဉ်ပေးပါ။ 
ပြောင်းလဲနေသော အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ရန် အကြံဉာဏ် ခုနှစ်ခု 
  • အလွန်အရေးကြီးသော လုပ်ငန်းများကို ထိန်းသိမ်းထားရန်အလို့ငှာ လုပ်ငန်းကျင့်ထုံးများကို ပြောင်းလဲရန် ကြိုတင်ပြင်ဆင်ထားပါ။  
  • အလွန်အရေးကြီးသော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအတွက် အခြားသော ပေးသွင်းသူများကို ခွဲခြားရွေးထုတ်ပါ။  
  • သင့်အသိုက်အဝန်းအတွင်း အခြားဝန်ထမ်းများနှင့် အကောင်းဆုံး အလေ့အထများကို မျှဝေပါ။
  • စဉ်ဆက်မပြတ် လုပ်ငန်းတာဝန်များကို သေချာစေရန် အလုပ် တာဝန်များကို ဦးစားပေးပါ။ 
  • COVID-19 ကမ္ဘာ့ကပ်ရောဂါ စဖြစ်ချိန်မှစ၍ သင်ယူလေ့လာခဲ့ရသည့် သင်ခန်းစာများပေါ် အခြေခံ၍ အကောင်းဆုံး အလေ့အထများကို တရားဝင်ဖြစ်စေပါ။ 
  • ပျက်ကွက်မှုနှုန်းမြင့်လာသည်ဖြစ်ရပ်တွင် သင့်ဝန်ထမ်းများ/ဝန်ထမ်းအင်အားစုကြားတွင် ကိုယ်စားဝင်ပေးနိုင်မည့်သူရှိကြောင်း သေချာအောင်လုပ်ထားပါ။ 
  • ဝန်ဆောင်မှုများကို အဝေးမှ ပေးအပ်ပါ (ဥပမာ၊ ဝဘ်၊ ဖုန်း၊ ဗီဒီယို)။  
COVID-19 ကူးစက်ရောဂါများနှင့် သေဆုံးမှုများကို သတင်းပေးပို့ခြင်း 

29 CFR 1904 တွင် မဖြစ်မနေဖြစ်သော ဖက်ဒရယ်အလုပ်အကိုင်ဆိုင်ရာ ဘေးကင်းရေးနှင့် ကျန်းမာရေး ကြီးကြပ်မှုအဖွဲ့ (OSHA) စည်းကမ်းချက်များအရ၊ လူနာသည် COVID-19 အတည်ပြု ကူးစက်ထားသူဖြစ်ပါက၊ လူနာသည် အလုပ်မှကူးလာခြင်းဖြစ်ပါကနှင့် လူနာတွင် သက်ဆိုင်ရာမှတ်တမ်းတင်မှု စံသတ်မှတ်ချက် တစ်ခု သို့မဟုတ် တစ်ခုအထက် (ဥပမာ၊ ဆေးဘက်ဆိုင်ရာ ကုသမှု၊ အလုပ်မှအဝေးတွင်ရှိနေသော ရက်များ) ပါဝင်ပါက အလုပ်ရှင်များသည် OSHA ၏ ဖောင် 300 စာရင်းများတွင် အလုပ်ခွင်ဆိုင်ရာ COVID-19 ဖျားနာမှုဖြစ်သူများကို မှတ်တမ်းတင်ခြင်းအတွက် တာဝန်ရှိပါသည်။ နောက်ထပ်အချက်အလက်အတွက် OSHA ၏ ဝဘ်ဆိုက်ကို ဝင်ကြည့်ပါ။