iSpeak Austin မြန်မာစကား  |  iSpeak Austin ရင်းမြစ်မျာ  |  iSpeak Austin ထပ်ဆောင်း ရင်းမြစ်မျာ  |  မှတ်ချက်များနှင့် တိုင်ကြာ  |  ဘာသာစကား ရယူအသုံးပြုခွင့် မူဝါဒ

iSpeak Austin - Austin ၏ ဘာသာစကား ဝင်ရောက်သုံးစွဲခွင့် ဖြေရှင်းနည်းမှ ကြိုဆိုပါသည်။ ဤနေရာတွင် Austin မြို့တော်က ပံ့ပိုးသည့် ဘာသာစကား ရယူအသုံးပြုနိုင်ရေး ဝန်ဆောင်မှုများနှင့် ပတ်သက်သော အချက်အလက်များနှင့် ရင်းမြစ်များကို ရှာတွေ့ပါမည်။

  • ဘာသာစကား ရယူအသုံးပြုနိုင်ရေး ဝန်ဆောင်မှုများအတွက် သင်၏ ဥပဒေဆိုင်ရာ အခွင့်အရေးများကို နားလည်ပါ
  • iSpeak Austin ကုန်ကြမ်းပစ္စည်းများကို ဒေါင်းလုဒ်လုပ်ပါ
  • အင်္ဂလိပ် ဘာသာစကား သင်ယူသူများ၊ ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များကို ကူညီပေးမည့် ရင်းမြစ်များကို ရှာပါ
  • မြို့တော်၏ ဘာသာစကား ရယူအသုံးပြုခွင့် မူဝါဒကို ကြည့်ပါ
  • မှတ်ချက်/တိုင်ကြားချက် တင်ပြပါ

Chart line with a silhouette of people Austin လူဦးရေစာရင်း

  • လူဦးရေ » 961,855
  • ရွှေ့ပြောင်းနေထိုင်သူများ/နိုင်ငံခြားတွင် မွေးသူများ » 192,000
  • ပြောဆိုသည့် ဘာသာစကားများ » +82
  • အိမ်တွင် အင်္ဂလိပ်မဟုတ်သည့် အခြား ဘာသာစကား ပြောသည့် Austin ဒေသခံများ » 31%
  • အင်္ဂလိပ်စကားပြောသည့် Austin ဒေသခံများ “အလွန်ကောင်းအောက်” » 11.4%

အခွင့်အရေးများ Judge's gavel

"အမေရိကန်ပြည်ထောင်စုရှိ မည်သူကမျှ လူမျိုး၊ အသားအရောင် သို့မဟုတ် နိုင်ငံသား ဇစ်မြစ် အကြောင်းရင်းကြောင့် ဖက်ဒရယ် ငွေကြေးထောက်ပံ့မှု လက်ခံရရှိသည့် ပရိုဂရမ် သို့မဟုတ် လုပ်ဆောင်ချက်တွင် ပါဝင်ခြင်းမှ ချန်လှပ်ခံရခြင်း၊ အကျိုးခံစားခွင့်များ ငြင်းဆိုခံရခြင်း သို့မဟုတ် ခွဲခြားဆက်ဆံခံရခြင်း မရှိရပါ။" 1964 အရပ်ဖက် အခွင့်အရေးများ အက်ဥပဒေ၏ ခေါင်းစဉ် VI

*သင့်ဘာသာစကားဖြင့် ဘာသာပြန်ဆိုထားသည့် စာတန်းများပါသော ဗီဒီယိုကို ကြည့်ရန်၊ ဖွင့်မည်ကို စတင်ဖို့ မြားကို နှိပ်ပါ။ ဗီဒီယိုကို စခရင်ပြည့်ဖွင့်ရန် ညာဘက်ထောင့်အောက်ခြေရှိ လေးထောင့်

Dashed square indicating "Full screen" ကို နှိပ်ပါ။ ဆက်တင်များ ဘီးကို နှိပ်ပါ။

Gear wheel indicating "Settings" စာတန်းများ/CC ကို နှိပ်ပါ။ အော်တို ဘာသာပြန်မည်ကို နှိပ်ပြီး သင့်ဘာသာစကားကို ရွေးချယ်ပါ။

အသိပေးချက်-

ခွဲခြားဆက်ဆံမှုက ဥပဒေချိုးဖောက်ခြင်းပါ

Austin မြို့တော်သည် သက်ဆိုင်ရာ ဖက်ဒရယ် အရပ်ဖက် အခွင့်အရေးများဆိုင်ရာ ဥပဒေများကို အသုံးချပြီး လူမျိုး၊ အသားအရောင်၊ နိုင်ငံသား ဇစ်မြစ်၊ အသက်အရွယ်၊ မသန်မစွမ်းဖြစ်ခြင်း သို့မဟုတ် လိင်အပေါ်အခြေခံ၍ ခွဲခြားဆက်ဆံမှု မပြုပါ။ Austin မြို့တော်သည် လူမျိုး၊ အသားအရောင်၊ နိုင်ငံသား ဇစ်မြစ်၊ အသက်အရွယ်၊ မသန်မစွမ်းဖြစ်ခြင်း သို့မဟုတ် လိင်တို့ကြောင့် လူအများကို ချန်လှပ်ခြင်း သို့မဟုတ် ခွဲခြားဆက်ဆံခြင်း မပြုပါ။

Austin မြို့တော်၏ ဘာသာစကား ရယူအသုံးပြုရေး အစီအစဉ်သည်-

·      

မသန်စွမ်းသူများက ကျွန်ုပ်တို့နှင့် ထိရောက်စွာ ဆက်သွယ်နိုင်စေရန် ဖော်ပြပါတို့ကဲ့သို့ အကူအညီများ/ဝန်ဆောင်မှုများကို အခမဲ့ ဆောင်ရွက်ပေးသည်-

           ○ အရည်အချင်းမီသော သင်္ကေတ ဘာသာစကား စကားပြန်များ

           ○ အခြားဖောမတ်များဖြင့် ရေးသားထားသော အချက်အလက်များ (ပုံနှိပ်စာလုံးကြီး၊ အသံ၊ ရယူအသုံးပြုနိုင်သော အီလက်ထရွန်နစ် ဖောမတ်များ၊ အခြား ဖောမတ်များ)

·      

မိခင် ဘာသာစကားမှာ အင်္ဂလိပ်ဘာသာစကား မဟုတ်သူများအတွက် ဘာသာစကား ဝန်ဆောင်မှုများ၊ ဥပမာ-

            ○ အရည်အချင်းမီသော စကားပြန်များ

            ○ အခြားဘာသာစကားများဖြင့် ရေးသားထားသော အချက်အလက်များ (ဘာသာပြန်ဆိုမှု)

အဆိုပါ ဝန်ဆောင်မှုများကို သင်အလိုရှိပါက community@austintexas.goviSpeakAustin@austintexas.gov သို့ အီးမေးလ်ပို့ပါ သို့မဟုတ် city department သို့ တိုက်ရိုက် ဆက်သွယ်ပါ။

Austin မြို့တော် သို့မဟုတ် ၎င်း၏ ဌာနတစ်ခုခုက အဆိုပါ ဝန်ဆောင်မှုများ မပေးပါက သို့မဟုတ် လူမျိုး၊ အသားအရောင်၊ နိုင်ငံသား ဇစ်မြစ်၊ အသက်၊ မသန်မစွမ်းဖြစ်ခြင်း သို့မဟုတ် လိင်အပေါ် အခြေခံ၍ တခြားနည်းလမ်းဖြင့် ခွဲခြားဆက်ဆံပါက မကျေနပ်ချက်ကို ဖော်ပြပါလူများသို့ တိုင်ကြားနိုင်သည်-

Carol Johnson, J.D., M.A.

အရပ်ဖက် အခွင့်အရေးများ အရာရှိ

အရပ်ဖက် အခွင့်အရေးများရုံး | Austin မြို့တော်

1050 East 11th Street, Suite 200

Austin၊ Texas 78702

(512) 978-1534

ဗီဒီယို ထပ်ဆင့်လွှင့် ဝန်ဆောင်မှု 711

Civilrights@austintexas.gov

 

သင်က မကျေနပ်ချက်ကို လူကိုယ်တိုင်၊ မေးလ်ဖြင့်၊ ဖုန်းဖြင့် သို့မဟုတ် အီးမေးလ်ဖြင့် တိုင်ကြားနိုင်သည်။ မကျေနပ်ချက် တိုင်ကြားရာတွင် အကူအညီလိုပါက Austin မြို့တော် အရပ်ဖက် အခွင့်အရေးများ ရုံးသည် သင့်ကို ကူညီပေးနိုင်ပါသည်။

Austin မြို့တော်သည် ဘာသာစကား ရယူအသုံးပြုနိုင်ရေး ဝန်ဆောင်မှုများ ပံ့ပိုးရန် ပျက်ကွက်သည်ဟု သင်ယုံကြည်ပါက ဤစာမျက်နှာ၏ ဘယ်ဘက်ခြမ်းရှိ မီနျူးတွင်းမှ မှတ်ချက်များနှင့် တိုင်ကြားချက်များလင့်ခ်မှတဆင့် မကျေနပ်ချက်ကို တင်ပြနိုင်သည်။